Tuesday, September 1, 2009

မှော်မလေး ဖတ်ဖို့ … (၁)

သက်တန့်တွေ မိုးလိုရွာလာတာ
ဖြစ်မှာပါ ….
( ချစ် . . . တယ် )
ဒါ… သတိလက်လွတ် “တ” မိတဲ့
မတော်တဆ ခလုပ်တစ်ချက်ပါ .. ၊၊ ၊၊

ခင်ဗျားလေး ရဲ့ ရှေ့မှောက်မှာဖြစ်ဖြစ်
ခင်ဗျားလေး ရဲ့ နောက်ကွယ်မှာဖြစ်ဖြစ်
တိုးတိုးလေး မှောင် ချင်ပါရဲ့
တိုးတိုးလေး လင်း ချင်ပါရဲ့

ဖြစ်နိုင်မယ်ဆိုရင်တော့
ဖြစ်နိုင်မယ် ဆိုရင် နဲ့ပဲ “စ” ချင်တယ်
မိုးတွေ သက်တန့်လိုရွာလာရင်
ပြောမယ် …
ဒါဟာလည်း
မတော်တဆ “တ” မိတဲ့
အရုပ်ကြိုးပျက် ခလုပ်တစ်ချက်ပဲ ဖြစ်မှာ…
မှော်မလေး ရယ်
ချစ်
တယ် ….. ၊၊ ၊၊

3 comments:

စိုင်းလောဝ်ပိန်း said...

ပထမဆုံး ကွန့်သွားတယ်ဗျာ။ ကဗျာလေး က လှတယ်။ အသံလေးလဲလှတယ်ဗျာ။ ရင်ကို နူးညံ့သွားတာပဲ

Anonymous said...

ကဗျာလေးကိုကြိုက်တယ်ဗျာ

အောင် said...

ကဗျာလေးကိုကြိုက်တယ်ဗျာ