Wednesday, December 30, 2009

နှစ်ကိုယ်ခွဲ ကဗျာ

နှစ်ကိုယ်ခွဲ ကဗျာ

ဒီ ကဗျာကို ရေးဖို့ အချိန်နည်းနည်း

( မြန်မာ စံတော်ချိန် ….. နဲ့ )

ယူခဲ့ရတယ် .. ၊၊ ၊၊

တစ်ယောက်တည်းဖြစ်နေတာရယ်

အပျင်းဖြေဖို့ကလဲ

ကိုယ်ဝါသနာပါတဲ့ အခြားတစ်ခုနှစ်ခုက

အခြားကိစ္စ တစ်ခုနှစ်ခုကြောင့်

အဆင်မပြေတာနဲ့

အဆင်ပြေတဲ့ ( ဝါသနာဖြစ်တဲ့ )

(ဒီ) ကဗျာကို ရေးတယ် … ၊၊

ရေးတော့ ….

မိန်းမ တစ်ယောက်ကို မုန်းကြောင်း ရေးပေးပါလို့

စိတ်က အလေးအနက်ကြီး နဲ့

တောင်းဆိုလာတာကြောင့်

နည်းနည်းထပ်စဉ်းစားရတယ် ၊၊

ကိုယ် မုန်းတဲ့ မိန်းမ ဘယ်နှယောက်ရှိလဲ

ကိုယ် သဘောကျတဲ့ မင်းသမီးလေးပါတဲ့

ဇာတ်ကားထဲက ( အဲ့ဒီ မင်းသမီးလေးကို )

အကြောင်းမဲ့ နှိမ်တဲ့ မိန်းမကြီးကိုလား ..

ပိုက်ဆံပေးပြီးတော့

သွားဝယ်ဖြစ်တဲ့ (တစ်ခါတစ်ရံ)

အင်္ကျီလေးတစ်ထည်အတွက်

ကိုယ့်ကို အပေါ်စီးအကြည့်ကြည့်တဲ့

ကုန်တိုက်က မိန်းမအချို့ကိုလား

ကိုယ်ကသာ လျှောက်တွေးနေတာ ..

စိတ်ကတော့ အားမနာတမ်း တောင်းဆိုနေတုန်းပဲ ၊၊

ကိုယ်လဲ ကြာတော့

အဲ့ဒီ မိန်းမတစ်ယောက်ကို သတိရမိကြောင်း

ဝန်ခံဖြစ်သွားတယ်

" ငါ နင့်ကို သတိရနေတယ် …………. ×××××

ငါ နင့်ကို သတိရနေတယ် …………. ×××××

ငါ နင့်ကို သတိရနေတယ် …………. ××××× "

( ကျွန်တော် ရေရွတ်စဉ်က

ထိုမိန်းမတစ်ယောက်၏ နာမည်ကိုပါ

ထည့်သွင်းရေရွတ်ခြင်း ဖြစ်သော်လည်း

အကြောင်းကြောင်းကြောင့် ပြတ်တောက်သွားခြင်းကို အနူးအညွတ် အားနာမိပါသည် ၊၊ )

စိတ်က သတိရခြင်းကို လိုချင်တာ မဟုတ်လို့

ပြောတဲ့အခါ

ကိုယ် မိန်းမတစ်ယောက်ကို

မုန်းကြောင်း ၊ မေ့နေအောင်ကြိုးစားကြောင်းကို

ရှက်ကြီးတငင်နဲ့ သက်သေပြရပါတော့တယ် ၊၊

ဒါနဲ့….

ကိုယ်လည်း စိတ်နဲ့ နည်းနည်းတိုင်ပင်ပြီး

အဲ့ဒီ မိန်းမတစ်ယောက်ရဲ့ နာမည်ကို

မြုပ်ပစ်ဖို့ ကျင်းတစ်ကျင်း တူးပါတယ် ၊၊

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း အုံနဲ့ကျင်းနဲ့ကျင်း

စိတ်က သဘောအကျကြီး ကျနေသော်လည်း

ကိုယ်က ( အနည်းငယ်မျှသာ ရက်စက်တတ်သည်လဲ ဖြစ်၍ )

နာမည်အရှင်လတ်လတ်ကြီးကို ကျင်းထဲထည့်မြုတ်မည်မှာ

ရက်စက်လွန်းသည်ဟု ( အခြား ဘာကို မျက်နှာလိုက်မိသည် မသိ )

ထင်(ပစ်လိုက်) ၍

အဝေးဆုံးကို မျှောပစ်မည်ဟု သက်သေပြရန်အလို့ငှာ

မြစ်တစ်မြစ်ကို ထည့်သွင်းရပြန်သည် ၊၊

လှိုင်း

တွေ
ထန် တဲ့ မြစ် တစ်
မြစ်
ထဲ မှာ
နေ

နည်းနည်းလက်ဝင်တယ်နော် .. လို့ စိတ်က ပြောပြီး

နည်းနည်းကြေကွဲရတယ်လို့ .. ကိုယ်က ညည်းမိလိုက်တယ် ၊၊

စိတ်က သူမုန်းတဲ့မိန်းမတစ်ယောက်

မရှိတော့ဘူးလို့

ဝမ်းပမ်းတသာ ကျေနပ်နေချိန်မှာ

ကိုယ်ကတော့ ကျိတ်ပြုံးနေမိတယ် ၊၊

အကယ်၍

သင် နဲ့ ဤကဗျာက အဆင်မပြေဖြစ်တယ်ဆိုရင်

နည်းနည်းလောက် ဆက်ဖတ်လိုက်တာနဲ့

(ဒီ) ကဗျာ ဆုံး ပါ ပြီ ၊၊ ၊၊

(ဇာတိ)

×××××××××××××××××××××××××××××××××

( ကျွန်တော် (ဒီ) ကဗျာကို ရေးမိစဉ်တွင်

မပါဝင်သော (မည်သူမှ မသိသော)

အကြောင်းအရာမှာ

မြစ်ထဲ မျှောလိုက်သော အခိုက်တွင်

စိတ်မမြင်အောင် ထိုနာမည်လေးအား

ယူ၍ ဖွက်ထားလိုက်ခြင်းဖြစ်သည် ဟူသော

လျှို့ဝှက်ချက် တစ်ခု ဖြစ်သည် ၊၊ )

RelateD LinK >>> သူရဿဝါရဲ့“နှစ်ကိုယ်ခွဲကဗျာ”

Tuesday, December 29, 2009

ဇာတ်စင်

ဇာတ်စင်

အခန်း (၁) ၊၊
အခန်းတစ်ခန်း
ထည့်ချင်သည်များကို ထည့်ထား၍
မထည့်ချင်သည်များကို မထည့်ထား ၊၊
အခန်း(၁)ခန်း
ထည့်သင့်သည်များကို မထည့်ထား၍
မထည့်သင့်သည်များကို မထည့်ထား ၊၊
ရှေ့ထွက်မင်းသမီး ၏ ရှေ့ထွက်အက ကို
ဒါရိုက်တာက လက်ခုပ်ထဲ ထည့်တီး၍
ဇာတ်ဆောင်မင်းသမီး မျက်နှာမြင် ရန်
ဇာတ်ထောင် မင်းသား ဘယ်သူ နှင့် နှစ်ပါးသွားကတဲ့ည
လူရွှင်တော်အချို့မှာ အပြာရောင်တောင်ရှည်များ လျှော်ဖွပ်နေ၊၊
အရင်က ပြဇာတ်တွေပဲ ပြန်ကမယ် ၊၊
ခေတ်နောက်ပြန်ဆွဲတော့ နုပျိုမသွားဘူးလား ၊၊
ဇာတ်ကိုတော့နာမယ်နော် ၊၊ ဖိလို့ပဲပြားပြား ၊ ပြာပြီးပဲ ပြားပြား ၊၊
မီးမသေသေးသ၍ ပြန် က မယ် ၊၊
ပရိတ်သတ်နိုးလာတော့ ဇာတ်သိမ်းလိုက်ကြတာပေါ့ ၊၊
အခန်းတစ်ခန်း ၊၊
အခန်း (၁)
မထည့်တတ်သည်များကို မထည့်ထား ၊၊ ၊၊


ဇာတိ
၂၂.၁၂.၂ဝဝ၉


ဇာတ်စင်


ငါ့အပေါ်ကိုတက်
ငိုလိုက် ရယ်လိုက် ပြုံးလိုက်
မိုက်ပြလိုက်
သေနတ်ကိုဟန်ပါပါပစ်ဖောက်
မင်းသမီးခါးကို လူကြမ်းက ခပ်ရမ်းရမ်းဆွဲတော့
မင်းသားက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်
မိုးကောင်းတုန်းရွာထားဦးပေါ့တဲ့
အပြင်မှာတော့သူတို့နှစ်ယောက်က
အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက်
ဒီမှာလာပြီး တိုက်ကြခိုက်ကြ
သရုပ်ပြ
ပရိတ်သတ်အကြိုက်
ဇာတ်ဆရာအကြိုက်
တစ်ယောက်ကတစ်ယောက်ကိုထိုးတယ်
တစ်ယောက်ကတစ်ယောက်ကိုမုန်းတယ်
တစ်ယောက်ကတစ်ယောက်ကိုသနားတယ်
တစ်ယောက်ကတစ်ယောက်ကိုဇာတ်အိမ်ထဲကမောင်းထုတ်အပြီး
ကားလိပ်ချ
ပရိတ်သတ်ပြန်
ဇာတ်အဖွဲ့ပြန်
နောက်ဆုံးတော့
အမှိုက်တွေ ဗရပွနဲ့
ငါ့ချည်းပဲကျန်နေခဲ့တော့တာ။ ။



ကြက်သွန်
၂၂.၁၂.၂ဝဝ၉


“ ဇာတ်စင် ”

ဒီနေရာမှာ
အားကုန်အော်ဟစ်လိုက်ဖို့ ပြင်နေတဲ့
နားရွက် နဲ့ နှာခေါင်းဟာ
အားကုန်ထွက်ပြေးဖို့ ပြင်နေကြ
စက်ခလုတ်နှိပ်လိုက်မှ စရတော့မလို့
ဒီနေရာမှာ မျက်နှာကြောမရှင်တဲ့လူတွေ စုစုစည်းစည်း ပေါင်းသင်းနေထိုင်တယ်
ဖြစ်ရပ်မှန်ဆိုတာက စ မှ ဖြစ်မယ်ထင်ရင်
ကိုယ့်အလှည့် မရောက်ပဲ မျက်နှာသေ နဲ့ ထွက် က
ဒီ ည မှ စ ဖြစ်မယ်
စ မှဖြစ်မယ်
ဒီ ည စ မှ ဖြစ် မယ်
ခလုတ်လေးနှိပ်လိုက်တယ်ဆိုရင်ပဲ . . .
ဝိဥာဉ်ကို မလုံတလုံ ခြုံ ပြုံးကြည့်လိုက်တယ်
ခြေ လက် ခေါင်း ခါး အဆင်သင့်ပဲ
ဒီမှာတော့ အားလုံး ပုံသေနည်း များများသုံးလို့
အရှေ့ကိုတိုး အနောက် ( က ) ဆုတ်
ဟိုအရှေ့က လူခြေရာ တက်နင်းမိရင်း
စက်ခလုတ်ကို မသိမသာ နှိပ်လိုက်တယ်
ပြန် စ ကြ မယ် ၊ ဆို ပြန် က ၊ ကြ ဖို့ လို မယ်
တစ်ဦး တစ်စုံက လှ လှလေး ဟာသ ပြတယ်
အပေါ်မှာရော အောက်မှာရော မညီမျှဘူး
အပေါ်သွေး အောက်သွေး မှာရော မညီမျှဘူး
အသံဆိုးတွေ နဲ့
နာမည်တစ်လုံးခြင်းဆီ ရွတ်ဖတ်
ဒီ ည မှာ စ လိုက် ရင်
စက်ခလုတ်ကို နှိပ်လိုက်တယ်ဆိုရင်ပဲ
ဖိနပ်တစ်ဖက်ပျောက်တယ် ။ ။

ရုပ်သေး
၂၃.၁၂.၂ဝဝ၉

ဇာတ်စင်


ဇာတ်ဆရာရဲ့ကံကြမ္မာတမ်းချင်းတစ်ပုဒ်ရဲ့
ဇာတ်လမ်းဇာတ်ကွက်ကိုအစအဆုံးပြန်ကြည့်မိတော့
ဇာတ်လိုက်မင်းသမီးမပါဝင်သလို
ဇာတ်လိုက်မင်းသားလည်းမပါခဲ့ပြန်ဘူး
ဇာတ်အစုံခင်းပြီးကရမှာလေဗျာ
ဇာတ်လမ်းဇာတ်ကွက်တွေကအလွတ်မရမှ
ဇာတ်ပို့နဲ့ဇာတ်ရံကိုအဓိကထားပြီးဆက်ကမယ်
ဇာတ်နာတဲ့အကြောင်းပစိပစပ်ပြောရင်းဆိုရင်းကပဲ
ဇတ်ဇတ်ဇိုးဇိုးထပ်ကကြမယ်ဆိုရင်
ဇာတ်သမားပြန်လို့မှတ်သားစရာပဲကျန်ခဲမှာပေါ့
ဇာတ်သိမ်းခန်းကောင်းဖို့လိုအပ်သလို
ဇာတ်အိမ်ဖွဲ့တည်မှုကအရေးပါအရာရောက်မှုရှိကြောင်း
ဇာတ်ဝင်ခန်းတိုင်းအငို၊အရယ်အပြုံးသက်ဝင်စေဖို့
ဇာတ်စင်အနောက်မှာကတည်းက
ဇာတ်တိုက်ထားဖို့လိုပါတယ်
ဇာတ်ဆရာရေ ဒီအရပ်နဲ့ဒီဇာတ်လိုက်အောင် ကဲ စလိုက်ရအောင်ဗျာ ။

အမည်မဲ့ (HOE) @ ( NAMELESS )

၂၃.၁၂.၂ဝဝ၉


ဇာတ်စင်

နောက်ကထွက်လာလိုက်
နောက်ကိုပြန်ဝင်သွားလိုက်နဲ့
ဒီလူမိုက်တွေဗိုက်ထဲထည့်လွယ်ထားရတယ် ။
ရင်ဘတ်တစ်ခုထဲက အန်ချလိုက်ပေမယ့်
အရည်လည်းပါတယ် အဖတ်လည်းပါတယ်
ဒါပါပဲ . . . .
ဟန်ဆောင်မှုကို ကျောပိုးထားရတဲ့ကောင်
လူစုံတက်စုံရှေ့ရောက်မှ
သူ့ကျောကို မီးနဲ့ထိုးပြ
သူအတွက်တော့ လက်ခုပ်သံမပါခဲ့ဘူး
သူ့ကျောပေါ်ခုန်ပေါက်ကြ
ကျိုးကျတော့ သူမခိုင်တာတဲ့
ကိုယ်တိုင်မှ မထမ်းရတာ
ဘယ်လောက်လေးတယ်ဆိုတာ မသိနိုင်ဘူး
ရှိစေတော့ . . . .
ဒီတစ်ညတော့ ဒီမျှပေါ့လေ . . . . . . .
နောက်တစ်ညတော့ နောက်မှ တွေး
သူတို့လည်း နောက်ပွဲအတွက် ဇာတ်လမ်းရွေးပါစေဦး ။


ရိုးရာ
၂၃.၁၂.၂ဝဝ၉


ဇာတ်စင်

တကယ်တော့ ဒါဟာ..ကြိုတင်ကြံစည်မှုတခု မဟုတ်ခဲ့ပါဘူး...
လွဲတတ်တဲ့ အကြောင်းတရားတွေ မမှားဖြစ်ခဲ့ကြတဲ့အမှန်တွေကို ဖြောင့်ချက်ပေးရင်း...
ငါတို့ က ကျောချင်းကပ်ထားရက် က
အချင်းချင်း ပြန်သတ်မိခဲ့ကြတဲ့ လက်မရွံ့ တွေ...

ခင်ဗျားတခွန်း ကျုပ်တခွန်း ဘယ်နှခွန်းမှ အတင်မခံတော့လည်း...
ခင်ဗျားနဲ့ ကျုပ်ကြား ကိုယ့်ကိုကိုယ် ပိတ်ပေါက်ထားတဲ့ ခွန်းကြီး
၊ခွန်းငယ်တွေ သာများခဲ့...
စက္ခုအာရုံ တန်ခိုးနဲ့ ...အရာရာ ကိုအုပ်စိုးနေတဲ့ခေတ်ကြီးမှာ...
ခင်ဗျားက ကျုပ်လောက်မှ ကာလာမပြောင်တော့လဲ...
ဝေးလေ ခြားလေ..ခပ်ဝေးဝေးသာနေ...

လွဲမှာစိုးရင်းက လွဲသွား...ဝေးမှာစိုးရက်က ဝေးကွာ...
တကယ်တော့..
ခင်ဗျားနဲ့ ကျုပ်က အနားမညီခဲ့တဲ့ ထောင့်တထောင့်ပဲ ဖြစ်ခဲ့ကြတာပါ...

ဆန့် ကျင်ဘက် အရပ်တွေဆီသို့ စီးဖြာလျှက်ရှိကြတဲ့ မြစ်နှစ်စင်း..
ပေါင်းဆုံဆည်းဖို့ ဝေးတာ အရေးလား...
တကယ်က ဘာမှ မဟုတ်ပါဘူး...
အဲ့ဒီ ဘာမှ မဟုတ်တာကို ပဲ အရေးတယူ လုပ်နေတဲ့ ကျူပ်တို့ သာအရူး...

ဓါးချင်းဆိုင်ပြီးမှတော့ နောက်ဆုတ်လိုက်ဖို့ မဖြစ်နိုင်ဘူး…
ယုံကြည်ချက်မှားတဲ့ ဓါးသွားက ...ဝိဥာဉ်ကို ခြွေမယ့် မီးအိမ်…
ကဲ…
မျက်ရည်ကျတိုင်း လွမ်းတတ်စတမ်းလား…

တစ်ခါတစ်လေမှာ...
တန်ဖိုးလျော့ ကိန်းဂဏန်းတချို့ အကြောင်း ခင်ဗျားပါးစပ်က နှုတ်ထွက်စကား..
အဲ့ဒါ ခါးတယ်...
ရွေးချယ်မှုအကြောင်းကို ခင်ဗျားက အကျယ်တဝင့်ပြောတော့..
ကျူပ်က ဦးတည်ရာ ကိုမျက်နှာချင်းဆိုင်လွှဲခဲ့ကြတဲ့
အကြောင်း သတိတရရှိတယ်…

တကယ်တော့...
ပေးတိုင်းကောင်းတဲ့ အရာထဲမှာ "ကတိ" ဆိုတာ မပါခဲ့ဘူး...
ဒီလိုပဲ...အနာဂတ် ဆိုတာ...
ပြောတိုင်းကောင်းတဲ့ စကားတရပ် မဟုတ်ကြောင်း...
ခင်ဗျားသာ နားလည်တတ်ခဲ့ရင်.... ၊၊ ၊၊


နွေးနွေးသဲမွန်
၂၉.၁၂.၂ဝဝ၉

Tuesday, December 22, 2009

အရုပ်ကြိုးပြတ် နေ့ရက်များ

ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင်ရယ်ကြပါတယ်


အရုပ်ကြိုးပြတ် …. ကြိုးတွေပြတ်လို့ …. ကျိုး … ပျက်လို့


မသိတော့ပါဘူးကွယ်


ပြဿဒါးဆိုတာ ငါ့အဆင်မပြေခြင်းတွေကိုဟားတိုက်ဖို့ ပြက္ခဒိန်ရဲ့အလိုအတိုင်းရောက်လာ ….


မှတ်မိသလောက် ဒါဟာ `ဗုဒ္ဓဟူး´ရာသီဖြစ်မယ်ထင်တယ်


တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ


ကောင်းကင်ကိုနင်းချင်လို့ ဖိနပ်ဆောင်းထားတာ


မင်း …. သွားမယ်ဆိုလည်း စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ် …. နွေရာသီရောက်လာတာကိုက စောလွန်း….


မြစ်ကျိုးအင်းများ၊ မီးစားအိပ်မက်များ၊ မှောင်မိုက်နာကျင်ခဲ့သောလမ်းများ


ဝေး ……….. စကားတစ်လုံးတည်းနဲ့တောင် ဆွေးလိုက်ရတာကွယ်


အထီးကျန်ဝေးကွာမှုသီချင်း၊ လေနဲ့အတူလေနေတဲ့စိတ်၊ ရင်ထဲဟာသွားတဲ့နေရာမှာ ဘာမှအစားထိုး၍မရ၊


ရွေ့လို့လည်းမရပါ …. အခုထိ ဗုဒ္ဓဟူးည ဆယ့်တစ်နာရီ ……


ပန်းနီလေးပွင့်တာကအစ ငေး … ကြည့်၊ ငိုချင်တယ် ……. အ ထီး ကျန်


မျှော်လင့်ချက်ဟာ အရက်စက်ဆုံး လူသတ်လက်နက်ပဲ


မျှော်ရင်း ….. မျှော်ရင်း …. လင့်သွားတာ … လွင့်သွားတာ ….


ငါ့အတွက်တော့ နေသံလသံရောနေခဲ့တာလည်းကြာပြီ


ငါကလည်း နင့်ကိုမှ ………….


ကွယ် …….. (၂) နှစ်စာ နောက်ပြန်လှည့်မှ ပြယ်မယ့်ကျိန်စာတွေ


အဲဒီလိုပါပဲ


မသိသူအယူခက်တော့ အိပ်မက်ကိုကျောင်းမှာဝယ်မိတယ်


ငါ မရှက်မပါဘူးကွယ် ……


`စောင့်ရမှာချင်းအတူတူတော့ ငါအခုကတည်းကစောင့်မယ်၊ နင်သာ မြန်မြန်ပြန်လာခဲ့ ….´


တကယ်ပဲ …. ပြန်လာခဲ့ပါတယ် … လှောင်ရယ်သံတွေ ပွေ့ပိုက်ပန်ဆင်ပြီး …..


နင်က ငါ့အတွက် ဒုက္ခဆုပန်သူ … မီးကျိုးမောင်းပျက် စကားထာတွေဝှက်သူ …. အရောင်မပါတဲ့ သက်တန့်တွေပဲ ပစ်ပေါက်ကျဲချသူ ….


ငါရပ်တန့်နေ … ငါ ကန္တာရကိုဖြတ်နေ


ခရီးပြင်းနှင်ခဲ့တာပဲ၊ မြို့ရိုးတံခါးကိုက မှုန်ပျပျသာမြင်နေရ …..


`ကိုယ်ဆောင်းတဲ့ထီး အစိမ်းလား၊ အပြာလား မသိပါဘူး …´


မိုးကိုမော့ကြည့်နေလား၊ ငါ့ကို ငုံ့ကြည့်နေလားမသိပါဘူး


နတ်ဖွက်တတ်တဲ့ည၊ ဗုဒ္ဓဟူးတပိုင်း တနင်္ဂနွေတပိုင်းည၊ မီးအိမ်တံခါးဖွင့်ထားတဲ့ည၊ သုည …..


လူငယ်တစ်ယောက်ရဲ့စွန့်စားခြင်းကို ဘယ်လိုဇာတာအမှားတွေများ လာတပ်ဆင်ကြပါလိမ့်


ငါ့ကိုယ်ငါတောင် မရှာဖွေတော့တာ … နင်လည်းမကြိုးစားပါနဲ့တော့ကွယ်


ငါ့မှာ သက်တန့်တွေပွင့်တဲ့မိုးရာသီတစ်ခုတော့ ရှိခဲ့ဖူးပါတယ်


ပြောခဲ့သလို …. အရောင်မပါတဲ့သက်တန့်တွေ …. နာမ်စိတ်မရှိသောသက်တန့်တွေ …


… အရုပ်ကြိုးပြတ် …


မင်းစိုမှာစိုးလို့ မိုးပေးချင်တာတောင် ကိုယ့်မှာထီးတစ်လက်မရှိပါကွယ်


ဒါဟာလည်း အမှတ်တရတစ်ခုတော့ ဖြစ်လာပါလိမ့်မယ်


နင်က ငါ့ကိုချည်နှောင်တာမဟုတ်ဘူး ….. ငါ့ကိုယ်ငါ ချည်နှောင်ပစ်ခဲ့တာ …..


အိမ်မပြန်ချင်သေးပါဘူး …. ၁၃ ရက်နေ့မှ မရောက်သေးတာ …… အိမ်မပြန်ချင်သေးပါဘူး …. ၁၃ ရက်နေ့မှ မရောက်သေးတာ ….. ၁၃ ရက်နေ့မှ …. ပြေရင်းဆိုရင်းကပဲ ၁၃ ရက်နေ့ရောက်လာပါတော့တယ်


အိုး …. တိုက်ဆိုင်လိုက်ပုံ ……


၁၃ ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့နဲ့ တစ်ထပ်တည်းကျသွား ……. ငါ.. ထွက်ခွာလို့ရပါ့မလား …..


ငါနဲ့ ငါ့နာရီလေးကတော့ တစ်နေရာတည်းမှာ အကြာကြီးရပ်နေ …..


သမိုင်းတစ်ခုဖြစ်ချင်မှဖြစ်လိမ့်မယ် … ဒါပေမယ့် သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတစ်ခုတော့ ဖြစ်နိုင်


ဒီမှာ ….. အရုပ်ကြိုးပြတ် မျက် ၀န်း တွေ . . . .


အခုတော့ ဆန့်ကျင်ဘက်တွေချည်း …. အာရုံခံစားမှုအလွဲတွေချည်း …….


ပထမ ….. တစ်ယောက်တည်း သင်းကွဲသောညနေ …… နောက် … သူ့ကိုယ်သူချော့သိပ်နေသော ပြောမပြဖြစ်ခဲ့တဲ့ပုံပြင်လေး …. နောက် … သစ်ဂျပိုးခေါက်ကိုမုန်းတဲ့ကော်ဖီ … မှတ်တိုင်လေးဟာ လူတွေကြားမှာ သောင်တင်နေ …… အိမ်ပြန်လို့မရဘူး


ခြောက်ခြောက်အက်အက် ငါရယ်တယ်… ငါပဲမှားသွားပြန်ပါတယ်


တကယ်တော့ငါက အန္ဓပါ … တေလေပါကွယ် ….


အသူတရာကမ္ဘား၊ ကုမ္ဘာဏ်တစ်ထောင်တံခါး၊ ခြောက်ခြားပူခြစ်မီးလျှံများ …. အဲဒီကြားကနေ နင်လက်ကလေးကို ငါ့ဆီဆွဲမယူရက်ခဲ့ဘူး


အဲဒီလိုနဲ့ ဆန့်ကျင်ဘက်တွေဆီ ……. တစ်ယောက်တည်းသင်းကွဲနေသော …….. ဆန့် ကျင် ဘက် တွေ ……


မျက်လုံးတွေဖွင့်လိုက်တော့ ငါမှောင်သွားပါတယ်



..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... .....
ငါ့..... ..... ..... ..... ..... ..... ..... ..
.. ကိုယ်..... ..... ..... ..... ..... ..... .....
..... ငါ..... ..... ..... ..... ..... ..... .....


..... ..... ..... ..... ..... ..... ..... .....
... ..... ..... ..... ..... ..... ..... ..... .....
... ..... ... ..... ..... ..... ..............


. ..... ..... ... .......... ..... ..... .....
... .....ဖြုတ်..... ..... ..... ..... ..... ..... .

..... ..... ..... ..... ..... ..... ..... .....



...... .....ပျောက်..... ..... ..... ..... .....
....... ..... ..... ..... ..... ..... ဆုံး..... ....
... ... ..... .....သွား..... ..... ..... ..
... ........ ..... .......... .....တယ် ..
..... ..... ..... ..... ..... ..... ..... .....

ဘ၀က ဖိနပ်ကို ကြိုးငုံ့ ချည်နေတုန်း ........ မစံပယ်ဖြူက ကျွန်တော့်ကို မုန်းသွားသည်....


ငါ့မှာတော့ ဖိနပ်လိုက်ရှာနေတုန်းမှာတင် အမုန်းခံလိုက်ရတာပါကွယ်။ ကဗျာဆိုတာ အချစ်ဦးမသိ အောင်ရေးရတဲ့အရာ ……..


ငါက နင့်အငွေ့အသက်လေး .. နင့်အရိပ်လေးကတောင် အသိအမှတ်ပြုတာ မခံခဲ့ရတဲ့ကောင်


သီချင်းတွေ ဆိုပြချင်ပါသေးတယ် … စစ်တုရင်ထိုးနည်းသင်ပေးချင်ပါသေးတယ် ….


နယ်ရုပ်တွေဟာ နယ်နယ်ရရ အရုပ်တွေမဟုတ်ကြောင်း သိစေချင်သေးတယ်


ဒါပေမယ့် … အခုထိ ဗုဒ္ဓဟူးပဲဖြစ်နေ …. ညဆယ့်တစ်နာရီဖြစ်နေ …


တချို့က ဘ၀မှာ ကြယ်တွေလတွေတောင် ကြွေခဲ့ဖူးပါသတဲ့


ငါကတော့ ဘာမှမဟုတ် …. ငါ့ဆေးလိပ်ပြာက ငါ့ကို တဖြုတ်ဖြုတ်ခြွေချနေ …. ငါ့သက်ပြင်းက ငါ့ကို ခြွေချနေ … အခုထိ အရုပ်ကြိုးပြတ် လရောင်တွေ ……


ရေရွတ်ကြည့်တော့ လေထုထဲ တိုး--အက်---မော--လျ ….


ငါ့ အသံတွေ….. ငါ့ အက်သံတွေ……


ပြဿဒါး ဟာ ဓားတစ်ချောင်းလို “ထက်” လို့ ………. ပြဿဒါး ဟာ ငါ့ပြက္ခဒိန်တွေထဲ “ထပ်” လို့…….


ခေါ်သံတွေ မရှိတော့ပေမယ့် ထူးနေခဲ့ပါတယ်ကွယ်…


ချစ်လှစွာသော... ငါ့ရဲ့ညီမသေးသေးလေးရေ...လွမ်းတယ်၊ ... ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ


ကမ္ဘာမြေကြီးကတော့ ကျဉ်းပါရဲ့၊ မိုင်တွေကသာ ကျယ်နေတာ…


ခေါ်သံတွေ မရှိတော့ပေမယ့် ထူးနေ…


ငါ့နာမည်ခေါ်တဲ့ဓားတစ်ချောင်း ရင်ဘတ်ထဲထိုးထည့်ပစ်တာကြာနေပြီ


ဘယ်ကို လွင့်စင်ရမယ်မှန်း မသိဘူး … မသိဘူး … မ သိ ခဲ့ ဘူး ..


ကောင်မလေးရေ....တို့တွေ နားလည်လိုက်ရအောင် မင်းနဲ့ငါ တကယ်နားလည်သွားသလိုပုံမျိုးနဲ့ နားလည် ပစ်လိုက်ကြရအောင်လေ....................


အရာရာဟာ အရာရာ ထဲ နစ်မြုပ်လို့…၊၊ သစ္စာတရားကို ဖက်တွယ် လိုတဲ့ ငနဲတစ်ယောက်ရဲ့ ကျဆုံးခန်းပေါ့ ….


ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး လူက... လှေကား ခြေရင်းမှာ ကျန်ခဲ့ရတယ်


ဗျပ်စောင်းသံရဲ့ တိတ်ဆိတ်မှု့က ငါ့ကို ခေတ်အဆက်ဆက် ခြောက်လှန့် ... ငါတို့တွေ ကြိုးပြတ်နေကြပြီ ၊၊ ငါတို့တွေ ကျိုး ပျက် နေ ကြ ပါ ပြီ


ငါဆိုတာ နင်လှောင်ရယ်ပစ်ခဲ့တဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်လား …. ငါဆိုတာ နင်လုံးဝမကြိုက်တဲ့ အက်စ်ပရက်စ်စို ကော်ဖီတစ်ခွက်လား …. ငါဆိုတာ နင်လွှင့်ပစ်လိုက်တာခံရတဲ့ လက်ဆောင်ပန်းစည်းလေးလား ….. ငါဆိုတာ … ငါဆိုတာ… ငါဆိုတာ ဘာလဲကွယ်…


ပြောပါ ... ငါ ရပ်နေရမှာလား ၊ ဆက်လျှောက်ရမှာလား ဆိုတာကို..


ဒီည ....


ငါ့ကိုဖျောက်ထားတဲ့ နှင်း ...


မိုင်တိုင်တွေ လဲကျတုန်း ငါ့ကိုကယ်ပါ ...


ညတွေပျင်းရိတုန်း ငါ့ကိုကယ်ပါ ...


အလွမ်းတစ်ဆူလင်းသစ်ဖို့ နင်ရဲရဲသာ ဖြန့်ကျက်ထားစမ်းပါ..


ပြီးရင်... ငါ့ကို ကယ်ပါ .... ပြီးရင် ....


ပြီးသွားပါပြီ


ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင် ရယ်ကြပါတယ်


`ဗုဒ္ဓဟူး´ရာသီမှာ တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ ………..


ဇာတိ


သူရဿဝါ


ဝန်ခံချက် - ယခုကဗျာတွင် တာရာမင်းဝေ ၊ မင်းခိုက်စိုးစန် ၊ တိုးနှောင်မိုး ၊ ဇာတိ ၊ သိုးမဲ၊ သူရဿဝါ၊ ၊ ၀ိုင်ချို ၊ သောတ ၊ ပိုင်စိုးဝေ ၊ ရွှေယုန် ၊ ရုပ်သေး တို့၏ ကဗျာစာပိုဒ်အချို့ကို ထည့်သွင်းအသုံးပြုပါသည်။


Friday, December 4, 2009

ဝဋ် အကြီးကြီး လည်တယ်

 

 

ဝဋ် အကြီးကြီး လည်တယ်

 

ဝေး ကို ဝေး ရ မှ ….. ဖြစ် ကို ဖြစ် ရ မှာ ဆို တော့

လေ ယာဉ် ပျံ ဟာ …… ဦး ထုပ် ထဲ က ထွက် ကျ လာ

ဒီ မှာ . . . . . . . .

ခါး စည်း ပြီး တော့ လွမ်း ( နေ ရ ) တယ် ၊၊           ၊၊

 

<<- ဇာတိ --->

 

ကို ညီစိမ်း ရဲ့ ဝဋ်အကြီးကြီးလည်တယ် ကဗျာ အား မိမိခံစားမှုဖြင့် ပြန်လည်ခံစားပါထားတာဖြစ်ပါတယ်၊၊ ၊၊

 

Tuesday, December 1, 2009

‘ ရှိနေသေးတာပဲဖြစ်ဖြစ် ၊ မရှိတော့တာပဲဖြစ်ဖြစ် ’

ပျံချင်တယ်
အဝေးဆုံးကိုရော
အမြင့်ကြီးကိုရော
.... အခုက
ဒီနာမည်ကြားတိုင်း
မီးနံ့ရတဲ့ ပိုးဖလံတစ်ကောင်လိုပဲဖြစ်ဖြစ်နေရတာပဲ
အခုလဲ ... ငါ့ကိုယ်ငါ သတ်သေချင်နေမှုမှာ
ငါ့ကိုယ်ငါ မသင်္ကာရနဲ့
ငါ့ကိုယ်ငါ ပြန်စွပ်စွဲ
ငါ့ကိုယ်ငါ ပြန်ချိန်းခြောက်
..... အခု မှောင်နေတာ ညကြောင့်လား
သောက်မယ့်ရေထဲမှာလဲ အမှောင်တွေနဲ့
နှင်းဆီဆိုတာ နှင်းတွေကနေ ဆင်းသက်လာတာ
အဲ့ဒီမိန်းမ အဲ့ဒီလိုပြောခဲ့တာကို
အခုလို ... ယုံ(ယုံ)ပစ်လိုက်တာပဲ

ပက်လက်လှန်အိပ်လဲ ငါ့ဘာသာ မြေကြီးမြင်ချင်မြင်မယ် နင့်အပူမပါဘူး
... အခု ဖြစ်သင့်တာက
စိတ်ကူး(နေတဲ့)ယာဉ်လေးဟာ
လိပ်ပြာလွင့်ပြီး
သေ(သွား)ရမှာ......၊ ၊၊ ၊၊
သေ(အ)ပြစ်ရမလိုနဲ့
ပြေး ..
နှင်းဆီအရိပ်နဲ့ လွတ်အောင်
လေယာဉ်ပျံကြီးစီးလို့
ပြေး ...
မယုံရ အ(ထိ) အ(တွေ့)က
နက်တဲ့ ဖန်ခွက်ထဲ
အလျားလိုက် ... ပြေး
ဒေါင်းလိုက် .. ပြေး
ငါ့ ဝိဥာဉ်မရှိဘူး .. 
အခန်းက အမှောင်ချထားတဲ့ ည အသွေးနဲ့အသားနဲ့
ငါ့ အင်္ကျီကုတ်ပိုးမှာ မပီမသတဲ့ အသံတွေ ပေကျံလို့
( သွား ) တယ်
ဘယ်ဘက်က အိပ်မက်မှာ
ငါ့ကိုငါ ပြန်(တွေ့)
ဆုံးပါးသွားမှုမှာ ငါမ(ပါ)ခဲ့ဘူး
ဆိုတာက ... နင်မရှိဘူး
နှင်းဆီမပန်တတ်တဲ့ နင်
ရထားပေါ်မှာပါမလာဘူး
ဆိုတာက ..
ဘာမှလုပ်တတ်စရာမလိုဘူး
ထီးဖွင့်ဆောင်းတတ်ဖို့ပဲ လိုတယ်

……..    ပြီးတော့….

အခု ဒီမိန်းမ ကြောင့်

ဒီစာရွက်လေး ပေကျံသွားတာကို

ဆေးပေးဖို့

ဆေးပေးဖို့ (ကုသဖို့)

ဆေးပေးမီးယူ ကဗျာတစ်ပုဒ်လောက်လဲ လိုတယ်၊၊    ၊၊

 

( ဇာတိ - ရုပ်သေး - သောင်္ကြာ - ဏေသစ် )

ခေါင်းစဉ် - ( U2 – With Or Without You )

မှောင်ကြည့်ခြင်း (အမှောင်ထဲသို့ကြည့်ခြင်း)

မှောင်ကြည့်ခြင်း (အမှောင်ထဲသို့ကြည့်ခြင်း)

 

လောကဟာ
ရိုးသားခြင်းတွေ ရေစုန်မျောနေတဲ့
မြစ်ကျိုးအင်းတခုလိုပဲ
အချိုးအကွေ့တွေခပ်များများကိုလည်း
မြုပ်တချည် ပေါ်တလှည့်ကူးခပ်နေဆဲ

မိုးခါးရေတွေရွာချ သမျှ
ဒီရင်ဘတ်သေးသေးတခြမ်းနဲ့ ခုခံမယ်
ဆီမပါပျားမပါယဉ်ကျေးမှုကိုလည်း
ဒီမှာခပ်များများပိုင်ဆိုင်တယ်
အမှန်တရားဟာလည်း အမြဲတမ်းခါးသက်
ငါ့မှာတော့
ဒီဆေးခါးကြီးပဲ မျိုမျိုချနေရတယ်
ခက်ခဲမှုဆိုတာ ငါ့ရဲ့ အမြဲတမ်းညစာတဲ့

မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာထားတုန်း
မေတ္တာတရားတွေလည်း မိုးခါးရေရှားနေပြီ
မြတ်မွန်တဲ့လမ်းတွေဟာ
အလှမ်းရခက်စမြဲပဲ
လှည့်ကွက်တွေအချင်းချင်း မီးကူးပြီးလင်းကြတယ်
အချစ်ရေ….
…………….  ငါ

အမှောင်နဲ့ လက်ဆက်ပါရစေ................ ၊၊         ၊၊

 

ကေး (Cay)

ဆိုတဲ့ သူငယ်ချင်းမလေး တစ်ယောက်က လက်ဆောင်ပေးထားတာပါ ၊၊ ၊၊