Tuesday, December 1, 2009

မှောင်ကြည့်ခြင်း (အမှောင်ထဲသို့ကြည့်ခြင်း)

မှောင်ကြည့်ခြင်း (အမှောင်ထဲသို့ကြည့်ခြင်း)

 

လောကဟာ
ရိုးသားခြင်းတွေ ရေစုန်မျောနေတဲ့
မြစ်ကျိုးအင်းတခုလိုပဲ
အချိုးအကွေ့တွေခပ်များများကိုလည်း
မြုပ်တချည် ပေါ်တလှည့်ကူးခပ်နေဆဲ

မိုးခါးရေတွေရွာချ သမျှ
ဒီရင်ဘတ်သေးသေးတခြမ်းနဲ့ ခုခံမယ်
ဆီမပါပျားမပါယဉ်ကျေးမှုကိုလည်း
ဒီမှာခပ်များများပိုင်ဆိုင်တယ်
အမှန်တရားဟာလည်း အမြဲတမ်းခါးသက်
ငါ့မှာတော့
ဒီဆေးခါးကြီးပဲ မျိုမျိုချနေရတယ်
ခက်ခဲမှုဆိုတာ ငါ့ရဲ့ အမြဲတမ်းညစာတဲ့

မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာထားတုန်း
မေတ္တာတရားတွေလည်း မိုးခါးရေရှားနေပြီ
မြတ်မွန်တဲ့လမ်းတွေဟာ
အလှမ်းရခက်စမြဲပဲ
လှည့်ကွက်တွေအချင်းချင်း မီးကူးပြီးလင်းကြတယ်
အချစ်ရေ….
…………….  ငါ

အမှောင်နဲ့ လက်ဆက်ပါရစေ................ ၊၊         ၊၊

 

ကေး (Cay)

ဆိုတဲ့ သူငယ်ချင်းမလေး တစ်ယောက်က လက်ဆောင်ပေးထားတာပါ ၊၊ ၊၊

No comments: