Thursday, August 27, 2009

“ ငါ့ ကို အဲ့ ဒီ လို မ ကြည့် နဲ့ ”

ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
နင့်မျက်လုံးက ဘာနံ့ထွက်နေလဲဆိုတာ
ငါ သိ နေ တာ ပဲ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
နောက်ပြန်လှည့်ပြေးလို့ မိုးတွေတိတ်သွားမယ်ဆို
ဒီ ကဗျာတောင် ငါ ရေးမနေဘူး
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
ဂဏန်းပေါင်းစက်တွေ ၊ ချိန်ခွင်တွေ
နင့်လက်ထဲ ငါ တွေ့နေတာပဲ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
ဒီ အကြောင်းပြချက်နဲ့မှ မဟုတ်ပဲ
တစ်ခြားအကြောင်းပြချက်နဲ့ဆိုလဲ
သွား …… ပါ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
မကြားလိုက်ဘူးထင်လို့
နည်းနည်းလေးကျယ်ကျယ် အော်ပြောလိုက်မိရုံပါ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
မျက်လုံးအဟောင်းသားနဲ့ ငါငိုနေတာ
နင် မြင် နေ ရက် နဲ့ များ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
“တစ်ကယ်တော့ ထွက်ခွာသွားသူက မပြောင်းလဲပါဘူး
မြို့လေးကပဲ ပြောင်းလဲသွားတာပါ”
ဒါနဲ့…. နင် ဒီစကားကိုပဲ ငါးခါရှိပြီနော်
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
အပြောင်းအလဲမရှိတဲ့မျက်နှာကြီးနဲ့
ငြိမ်ငြိမ်လေးထိုင်နေရအောင်
ငါက …. ဓာတ်ပုံတစ်ပုံမှ မဟုတ်တာ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
ကိတ်မုန့်လေးမသိုးခင်တော့
ငါတို့ ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပစ်မှာပဲ
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
စက်တင်ဘာနဲ့ အနီးတစ်ဝိုက်တော့
ငါ မိုက် ရိုင်း မိ နေ တော့ မယ်
ငါ့ကို အဲ့ဒီလို ကြည့်မနေပါနဲ့
ဒီ ဘဝ တော့ ဒီ စာမျက်နှာလောက်ပဲဆို
ငါ အခု ရပ်ပစ်လိုက်ပါ့မယ်
ငါ့ ကို အဲ့ ဒီ လို မ ကြည့် နဲ့ ……….၊၊ ၊၊

Tuesday, August 25, 2009

“ဒီကဗျာက ကဗျာမဖြစ်ခင်နဲ့ ဟိုကဗျာက ကဗျာမဖြစ်ခင်...”

ဗိုင်းရပ်စ်လှလှလေးတွေ ၊၊

ဗိုင်းခနဲ ရပ် ၊၊

ဗိုင်းခနဲ လဲ ၊၊

ဗိုင်းကောင်းလေးတွေ ကျောက်နဲ့အဖိခံထားရ ၊၊

မျဉ်းတွေဟာ ကျုံ့ / ကျဉ်း / ချဲ့ / ချုံ့ နိုင်ကြတယ် ၊၊

လေထဲမှာလေးပြီး ပဲ့ပြိုသွားမှာသိရင် မပြောပါနဲ့တော့ ၊၊

ကိုယ့်သူရဲကောင်း နဲ့ ကိုယ် ၊ ကိုယ့် ပရိတ်သတ်နဲ့ကိုယ် ၊၊

အနီရောင်ထဲအရောက်မှာတောင် ငါ မနီတတ်ခဲ့ဘူး ၊၊

ရေများရင် ရေနိုင်တဲ့အကြောင်းရေးနိုင်ကြသား ၊၊

အအုံအဖွဲ့ နဲ့ ဖွဲ့အုံတယ် ၊၊

နည်းပါးသလောက် နီးပါး နည်းပါးတယ် ၊၊

ပျောက်လွယ်ကုန်လွယ် သလောက် ပျောက်ခက်ကုန်ခက် ခဲ လွယ် ကုန်လွယ်ပျောက်လွယ် ၊၊

ပျက်စီးမှုများသည် စည်းပျက် / ကမ်းပျက် ၊ စည်းပျက် / ဝါးပျက် ၊၊

ပလပ်ပေါက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ ရရှိသည့်စွမ်းအင်တွေ ၊၊

စောင်းနေတဲ့မျဉ်းတွေဟာ မြင်းဇောင်းထဲက လွှတ်ချလိုက်သလို လွတ်ကျလာ ၊၊

“ လေယဉ်ပျံကြီးပျံသွားတာ

လွမ်းစရာလေးလို့ ဆိုတော့

ငှက်ကလေး ထ ပြန်သွားတယ် ”

သီချင်းတွေဟာ အချင်းချင်း ဖွဲ့သီထားတဲ့ အသံလှလှလေးတွေဖြစ်ခဲ့ ၊၊

အသိပေးထားသလောက် အတိပေးနိုင်လား ၊၊

ပန်းပုရုပ်လေးဟာ နိမ့်ဝင်ငုတ်လျော့သွားပါရဲ့ ၊၊

မရေတွက်နိုင်တဲ့ ရေတွေ ငါငှားထားတဲ့ ခန္ဓာကိုယ်ထဲ စီးဝင်ကျလာပြီ ၊၊

သော့တစ်ချောင်းရဲ့ ဝင်ဆန့်မှုဟာ

မြို့တံခါးကြီး ပွင့်သွားစေတဲ့အထိပါပဲ ၊၊

မျက်နှာဖုံးတွေ တပ်တယ် ၊ မျက်နှာဖုံးပေါ်တက်တယ် ၊၊

ရုပ်ရှင်ထဲက အကြောင်းပြချက်တွေ သူမ ရှာတွေ့သွားပါတယ် ၊၊

 

ဒီကဗျာဟာ

ဟိုကဗျာ ကဗျာမဖြစ်ခင်ကတည်းက

ကဗျာမဖြစ်ခဲ့တာ ၊၊

 

 

 

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ (၂)

ဇာတ်ဝင်တေးတစ်ပုဒ်လုံးကို

ရင်တွင်းဟောက်ပက်နဲ့ပဲ

သွေးဖြန်းဖြန်းကျအောင်

ပူဇော်ကျဆုံးလိုက်ပါတယ် . . . ၊၊

 

ဒါပေမယ့် . . .

မစွပ်စွဲခဲ့ပါဘူး

ပိုးဖလံလေး အတောင်ကျိုးသေတာ

လမင်းကြောင့်လို့လေ . . . ၊၊ ၊၊

 

 

အဲဒီ. . . ညတွေပေါ့

လသာသလို ကြယ်သာခွင့် မရခဲ့တာ

အဲဒီ. . . လမ်းတွေပေါ့

မိုးလင်းသလိုမျိုး မြေလင်းခွင့် မရခဲ့တာ . . . ၊၊

 

 

ဘယ်သူရွတ်ခဲ့တဲ့ ကျိန်စာတွေက

ငါ့ကို သက်ရောက်နေတာလဲ

ကဗျာသူရေ. . .

အဲဒီ. . . တစ်မျက်နှာ ငေးခွင့်လေးလည်း

 

ဝေးဆိုး နဲ့ ဝေးခဲ့တယ် …….၊၊ ၊၊

 

Friday, August 21, 2009

အာဒံရဲ့ဝတ်ရုံအောက်မှာ နံရိုးအပိုတစ်ချောင်းရှိတယ်

ကျေးဇူးပြု၍ဖြစ်စေ ၊ မပြု၍ဖြစ်စေ

အဂတိတရား ၄ ပါး ငှားပါ ..

ပြန်ပေးပါ့မည်ဟု သဘောတူညီချက်ရေးဆွဲခြင်းဟာ

ပြန်ပေးဆွဲခြင်းလို့ သတ်မှတ်ချင်နေလား

ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားတာတောင်

အကုန်လုံးကိုမှုတ်ငြိမ်းပြီးရှာဖွေနေတုန်း

အကုန်ယူချင်ယူပါ

အကုန်ပေးချင်ပေးပါ

အသက်တော့ချမ်းသာပေးပါ

လူဆိုးတွေက ကောက်ရိုးပုံတောင် ဓားပြတိုက်ကြပါတယ်..၊၊ ၊၊

အာဒံကြီးမှာ နံရိုးအပိုရှိခဲ့တာသေချာရင်

ရိုမီယိုမှာ အဆိပ်တစ်ခွက်အပိုရှိရမည်

ကျွန်တော့်ကို ထိုအဆိပ်အား ချုပ်၍တိုက်ပါ

ဒါနဲ့စကားမစပ်လို့ သူရဿဝါပြောတာကြားလိုက်တယ်

စကားမစပ်တာတောင် လေတွေကအရှည်ကြီးဖြတ်တိုက်သွားတယ်

ဖုန်းမပြောချင်လို့ ပုစွန်တောင်မြို့ဆီကျွန်တော်သွားခြင်းဖြစ်ပါတယ်

ပါးစပ်ပါလာတာတောင် ကျွန်တော်ဘယ်မှမရောက်လိုက်ပါ

နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ

ကျွန်တော့်ထံသို့ မေးလ်ပို့ပါ

အသုဘပို့ပါ

ပို့ချင်တာပို့ပါ

လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ

ကျွန်တော်တောင်းပန်စကားတွေစုထားသည်

မကျေနပ်ခြင်းတွေစုထားသည်

စုချင်တာစုထားသည်

အာဒံကြီးမှာ နံရိုးတစ်ချောင်းအပိုရှိခဲ့ဖူးသည်ဆိုသောကြောင့်

ရိုမီယိုထံတွင်လဲ အဆိပ်ခွက်တစ်ခွက်အပိုရှိခဲ့ဖူးတာသေချာသွားသည်

ကျွန်တော့်ကို အဆိပ်ခွက်ဖြင့်ပက်ပါ

အဆိပ်ခွက်အားတိုက်ပါ

ဝတ်ရုံကိုဖျက်ပစ်မှမြင်ရမည်ဖြစ်သော်လည်း

ကျေးဇူးပြု၍ဖြစ်စေ ၊ ကျေးဇူးမပြု၍ဖြစ်စေ

ကျွန်တော့်အား အတိတရား ၄ပါးလုံးငှားလိုက်ပါ ၊၊

ပြန်မပေးတော့ဘူးထင်နေမှုသည်

ပြန်ပေးမှုနှင့်မသက်ဆိုင်ပါ

ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားသော်လည်း

အကုန်လုံးအားထွန်းငြိ၍ရှာပါသေးသည်

အကုန်ပြိုလဲသွားပြီ

အကုန်ပြိုလဲသွားခြင်းတွင် အကုန်တည်ဆောက်ခွင့်ပြန်လည်ပါရှိလာပြန်သည်

အကုန်ပြန်တည်ဆောက်မည်ဆိုလျှင် အာဒံနှင့်ပြန်စရမည်

ထို့ကြောင့် အာဒံသည် ဝတ်ရုံကိုခြုံတော့မည်

နံရိုးအပိုတစ်ချောင်း ရှိလာတော့မည်

ထို့ကြောင့်

ရိုမီယို၏ အဆိပ်ခွက်ကို ကျွန်တော်သောက်သည်

ကျွန်တော့် ကို

အ . . သု . . ဘ . . ပို့ . . ပေး . . ပါ ၊၊ ၊၊

 

Thursday, August 20, 2009

အစိမ်းကြေ

ကိုယ့် ကို ကိုယ် . . . .
ကွဲ ကြေ နေ တယ် လို့ ခံ စား ရ တော့
အဲ့ ဒီ စ နေ နေ့ တွေ ၊ အဲ့ ဒီ စ နေ နံ တွေ ပဲ
မြင် တယ် .. ၊၊ ၊၊

က ဝေ တစ် ထပ် ၊ နတ် သ မီး တစ် ထပ် နဲ့
. . . . . . “ မာ န ရူး မ ” . . . . . . .
နင့် နာ မည် ပေါ် လွင့် စင် မိ တိုင်း
ရ နံ့ တွေ ပဲ ပါ လာ တာ တောင်
... နာ တယ် ၊၊ ၊၊

 

Monday, August 17, 2009

“ ကဗျာသူ အတွက် ကဗျာသား ကွယ်လွန်စွာ ရှင်သန်ခြင်း ”

“ မောင် ဇာတိ ”
( ခေတ္တ ) အသက် “၂၃”
( ဖေဖော်ဝါရီ - ဖေဖော်ဝါရီ )
ညံ့ဖျင်းမှု

( မိမိကိုယ်ကို မိမိ အရှင်လတ်လတ်
မြေမြုပ်ပစ်ရုံနှင့် အရှင်လတ်လတ်သေဆုံးနိုင်လေသည်
အထင်ရှိမှု ရောဂါ နှင့် ကွယ်လွန်စွာ ရှင်သန်သည် ၊၊ )



“ သေတမ်းစာ ”

တရားနဲ့တောင်မှ
ဖြေလို့မရခဲ့ဘူး
ငါ့ကို ……
ငရဲအကြီးကြီး ချပစ်ပါကွယ် ၊၊



“ ရှင်တမ်းစာ ”

မိမိကိုယ်ကို
ဥယျာဉ် ဟု ထင်မှတ်နေသော
နှင်းဆီ ရင်ကွဲ တစ်ပွင့်
အဟောင်းအတိုင်း ပွင့်လျက်ရှိသည် ၊၊



“ ကဗျာတစ်ရွက် ရဲ့ နေဝင်နေထွက်ခေတ် ”

နားလည်ပါတယ်
နားလဲ မလည်ဘူး
ဒီ ဝတ်ရုံကို ခြုံလိုက်ရုံနဲ့
ငါတို့ သူစိမ်းတွေဖြစ်သွားစေ
ငါတို့ ရန်သူတွေဖြစ်သွားစေရောလား
မနေ့ကအထိ နားလည်တယ်
မနေ့ကအထိ နားမလည်ဘူး
ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့ သူစိမ်းတွေလိုဖြစ်ဖို့
ငါတို့ ရန်သူတွေလိုဖြစ်ဖို့
ဒီဝတ်ရုံကို ခြုံခဲ့တယ်….
စိမ်း
စေ
လို

စိမ်း
ခဲ့
ပါ
တယ်
ကောင်းရာမွန်ရာရောက်ပါစေတော့ကွယ်…၊၊ ၊၊