Tuesday, August 25, 2009

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ (၂)

ဇာတ်ဝင်တေးတစ်ပုဒ်လုံးကို

ရင်တွင်းဟောက်ပက်နဲ့ပဲ

သွေးဖြန်းဖြန်းကျအောင်

ပူဇော်ကျဆုံးလိုက်ပါတယ် . . . ၊၊

 

ဒါပေမယ့် . . .

မစွပ်စွဲခဲ့ပါဘူး

ပိုးဖလံလေး အတောင်ကျိုးသေတာ

လမင်းကြောင့်လို့လေ . . . ၊၊ ၊၊

 

 

အဲဒီ. . . ညတွေပေါ့

လသာသလို ကြယ်သာခွင့် မရခဲ့တာ

အဲဒီ. . . လမ်းတွေပေါ့

မိုးလင်းသလိုမျိုး မြေလင်းခွင့် မရခဲ့တာ . . . ၊၊

 

 

ဘယ်သူရွတ်ခဲ့တဲ့ ကျိန်စာတွေက

ငါ့ကို သက်ရောက်နေတာလဲ

ကဗျာသူရေ. . .

အဲဒီ. . . တစ်မျက်နှာ ငေးခွင့်လေးလည်း

 

ဝေးဆိုး နဲ့ ဝေးခဲ့တယ် …….၊၊ ၊၊