Sunday, October 11, 2009

( မကြည်ဖြူ ကို မကြည်ဖြူ ဟု မသိခင်က ရေးထားသောကဗျာ )

အဖြူရောင်တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနဲ့လုပ်ထားတဲ့ နှင်းဆီကို ပန်ထားတာလဲ ၊၊

ဘုံကြိုးက ကိုယ်နဲ့တည့်တည့်မှာ ပြတ်ပြီ ၊၊

ကမ္ဘာမြေဆွဲအား အလုပ်မလုပ်တော့ဘူး လား ၊၊

အသက်ရှုဖို့တောင်မေ့နေတာ ကံကောင်းလို့ မသေတယ် ၊၊

(ဖျား ပြီ)

ဟောဒီကအရိုင်းအစိုင်းအား မျက်စောင်းထိုး၍နှိမ်နှင်းပါ ၊၊

 

……………………………………………………………………………………….

 

အဖြူရောင် တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနာမည်နဲ့ပွင့်တဲ့ ပန်းလဲ ၊၊

ရင်ထဲကမီးတောင်လေး ပေါက်ပါပြီ ၊၊

သတိဟာလက်ကနေ လွတ်ကျသွား … ၊၊

လေပြေတွေကို မျက်စိနဲ့မြင်တယ် ၊၊

(ဖျား ပြီ)

ဟောဒီကအရိုင်းအစိုင်းအား ကယ်လို့ရရင်ကယ်ပေးပါ ၊၊

 

………………………………………………………………………………………..

အဖြူရောင် တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနဲ့မှကို မဆန့်တော့ဘူး

စကားတစ်ခွန်းဟာ ပါးစပ်ဖျားမှာတင် ဖျားတယ် ၊၊

                                                                                 

ဖြူ

ရောင်

တစ်

ခု

ပြုတ်

ကျ

လာ

 

1 comment:

Gum San Aung said...

အင်း...ဖျားနေတန်းလန်းဖတ်ဖြစ်တယ်....:P