အိပ်မက်တွေမှာ ကျွန်တော်မရှိတော့
ကျွန်တော့ကို ပျောက်ဆုံး
ကျွန်တော်က ပျောက်ဆုံး
ကျွန်တော့်မှာ အိပ်မက်တွေမရှိတော့ဘူး၊၊
မျက်နှာချင်းဆိုင်ခွင့်မရှိ
ကျောခိုင်းခွင့်မရှိ
နှုတ်ဆက်ခွင့်မရှိ
မရှိဖို့လေးတောင် မရှိခဲ့ပြန်ဘူး၊၊
ဒီလိုပါပဲ. . . . . . . ဆုံးရှုံးခဲ့
သေဆုံးခြင်းတွေမှာ ရှင်ကျန်ရစ်ခဲ့
ရှင်သန်မှုတွေမှာ ပျောက်ဆုံးခဲ့
ဒီလိုပါပဲ....ဘာမှမထူးခြားခဲ့ပါဘူး ၊၊
မီးတွေက မီးတွေလိုလောင်နေပြီ
ပြာကျသွားအောင်
ဖြာကျသွားအောင်
မီးတွေက မီးတွေကိုပါလောင်ကုန်ကြပေါ့. . . . ၊၊
ရင်နဲ့ရင်းခဲ့သမျှက ပြတ်လွင့်ရွေ့စင်
အဝေးပေါင်းများစွာထက်ကို
ဝေးသွားစေခဲ့. . . . .
ရင်နဲ့ရင်းမိသလောက်ကို ဝေးသွားခဲ့. . . . . . ၊၊
မြေနိမ့်ရာမှာ စိုက်ခဲ့တဲ့ လှံမဟုတ်ခဲ့ဘူး
ငါယုံကြည်မိတဲ့ ကောင်းကင်တော်က
စွန့်လွှတ်ပစ်ချခြင်းကို ခံခဲ့ရတဲ့
ကျိုးကျိုးပျက်ပျက် အိပ်မက်တစ်လက်ပါ. . . . . ၊၊
ရင်ကိုနင်းတဲ့ ရွှေခြေကျင်းတစ်စုံမှာ
ကွဲကြေမှုန်းလွင့် ခဲ့ . . . .
ခြေရာတွေသာ ဟောင်းသွားခဲ့တယ်
ငါ့ ဒဏ်ရာတွေက သစ်လွင်နက်ပျို ဆဲ . . . . ၊၊
ဒီထက်ပိုဝေးခွင့်ပေးပါ
လှည့်ပြန်တဲ့ခြေလှမ်းတွေမှာ
အတွေးတွေ နီးနီးသွားခဲ့
ဒီ ထက် ပို ဝေး ခွင့် ပေး ပါ . . . . . . ၊၊
လွမ်းနေတဲ့ကြားက
အဲဒီရွှေခြေကျင်းတစ်စုံကို
ငါ. . . . . .
လွမ်း မိ နေ သေး ရဲ့ . . . . . ၊၊
Tuesday, May 19, 2009
မီးမလောင်ခင် ချနင်းသွားတဲ့ ရွှေခြေကျင်းတစ်စုံ
Subscribe to:
Post Comments (Atom)
4 comments:
အိမ်မက်တွေမှာဘာလို့မရှိတော့တာလဲ ကိုဇာတိရေ
း) အိပ်မက်တွေကို လာခိုးကြည့်သွားတယ် ...
ဒီထက်ပိုဝေးခွင့်ပေးပါ
လှည့်ပြန်တဲ့ခြေလှမ်းတွေမှာ
အတွေးတွေ နီးနီးသွားခဲ့
ဒီ ထက် ပို ဝေး ခွင့် ပေး ပါ . . . . . .
မျက်နှာချင်းဆိုင်ခွင့်မရှိ
ကျောခိုင်းခွင့်မရှိ
နှုတ်ဆက်ခွင့်မရှိ
မရှိဖို့လေးတောင် မရှိခဲ့ပြန်ဘူး၊<-- ကြိုက်တယ်ဟာ
ကိုတိရေ.....ဒီကဗျာလေးကိုသုံးခါမြောက်အဖြစ်ပြန်ဖတ်သွားတယ်။
အသစ်တွေမျှော်ရတာညောင်းတောင့်လာပြီဗျ။
အားပေးလျှက်ပါ။
Post a Comment