Wednesday, March 10, 2010

အထီးကျန်

(၂၄) က ငါ့စိတ်ကို
ပွတ်သပ် ဆော့ကစားပြီ .. .. ...
တစ်ဝက်ကိုတော့
တွေ့ကရာ လွင့်ပစ်ခဲ့ရပြီး
တစ်ဝက်ကတော့
ပုပ်အက်လာဖို့ကို
စောင့်ဆိုင်းနေရ ...
အသက် (၂၄) မှာ ..... ၊၊ ၊၊

အသက်ကတော့ ကြီးလာတယ်
အသည်း က ငယ် ၊ ငယ်နေတုန်းပဲ
လမ်းကြုံရင် ငါ့ကို
`ကဗျာဆရာ´ လို့ ခေါ်ပါ ၊၊
ငါ က
ခလုပ် ခဏ ခဏ တိုက်တတ်တဲ့
ကျောက်တုံးကြီး တစ်တုံးပေါ့
စိတ်တူ ကိုယ်တူရှိလာမယ့်
ဖြူဖြူစင်စင် ကျောက်တုံးလေးတွေ့ရင်
ငါ .... မီး ကို စတင် တွေ့ရှိခွင့်
ရပြီ ၊၊ ၊၊

(ဇာတိ)

2 comments:

Anonymous said...

Happy Birthday ပါ...း-) ကျောက်တုံးဖြူဖြူလေးနဲ့ အမြန်ဆုံးတွေ့ ပါစေ..

နွေးနွေးသဲမွန်

Unknown said...

like