(၁၃) နိုဝင်ဘာ (၁၃)
အားလုံးကို ငါမေ့ထားခဲ့တယ်
၁၃ နိုဝင်ဘာ ၁၃ က စလို့
ငါ မေ့ထားခဲ့ပါတယ်။
×××××××××××××××××××××××
ဒီတစ်ကြိမ်တွင်တော့ (၁၃) ရက်နေ့တစ်ခုနှင့် နောင်တတစ်ခုပါ ထပ်မံရရှိကြောင်းကို မည်သူ့ကိုမှ (ထိုသူမ) အပါအဝင် မပြောဖြစ်ခဲ့ … ၊၊
" အလွမ်း ဆို တာ စိတ်နဲ့ နင်း မိ တဲ့ "မိုင်း" ပဲ "
" အလွမ်း ဆို တာ စိတ်နဲ့ နင်း မိ တဲ့ "မိုင်း" ပဲ "
" အလွမ်း ဆို တာ စိတ်နဲ့ နင်း မိ တဲ့ "မိုင်း" ပဲ "
မိမိသည် မျက်မမြင်တစ်ယောက် ဖြစ်နေကြောင်းကို မျက်စိစုံမှိတ်၍ ပြောပြသည့်အခါ (တစ်ဦးတစ်ယောက်) က ယုံကြည်စေချင်ကြောင်း သတိထားမိသည်မှာတော့ အချိန်အနည်းငယ် မျှ ကြာခဲ့ပြီဖြစ်သည် ၊၊
" ငါ့ နေ ရာ က ကြည့် ရ တာ ပို (ပို) ဝေး (ဝေး) လာ တယ် .. လွင် "
ဘဝ ဆိုသည်မှာ နှင်းတွေ စီတန်းထားသော လမ်းမဟုတ်ကြောင်းကို မိမိ က (ထိုသူမ) ထက် စောစီးစွာ သိရှိခဲ့သော်လည်း ( ထိုသူမ) ထက် အနည်းငယ်နောက်ကျမှ နားလည်ခဲ့လေသည် ၊၊
" ဝင်သက်ထွက်သက်တွေ အရင်လို ပြန်နီးချင်ပေမယ့်
တို့ … ငြင်းပယ်လို့မှ မရခဲ့ပဲ
တို့ … ငြင်းပယ်လို့ မှ မ ရ ခဲ့ တာ ပဲ …၊၊ ၊၊ "
(ထိုသူမ) အား မိမိ မုန်းနေတာပါ ဟု ကိုယ့်ကိုကိုယ် လှည့်ဖျားခြင်းမှာ အောင်မြင်မှု မရရှိသေးသဖြင့် …
" ပွင့် ပြီး သား နှင်း ဆီ အ ပေါ် နောက် ထပ် နှင်း ဆီ တစ် ပွင့် (ပြီး) တစ်ပွင့် စိုက် ခဲ့ တယ် "
(ထိုသူမ) ယုံကြည်စေလောက်သော စကား(တစ်ခွန်း) ပြောရန်ရယူရမည့် အချိန်ပမာဏမှာ ယခင် နှင့် ယခု ထက် ပို၍ လိုအပ်သွားပြီ ဖြစ်သဖြင့် နည်းနည်းတော့ (သို့မဟုတ်) များများစားစားတော့ ကြာသွားတော့မည်ထင်သည် ၊၊
ကြီး ကပါလား
ငါ မြင့် ဆိုတာ
ပြုတ် အ နင့်နာမည်ကြားရင်
ကျ လာတာ သိ(သိ) လာတယ် ၊၊ ၊၊
ကျွန်တော် (ထိုသူမ) မသိအောင် ……
၁၃ ရက်နေ့ မသိအောင် ….
နိုဝင်ဘာ မသိအောင် ….
လွန်ခဲ့တဲ့ (၉) လ ကို ဖုန်းပြန်ခေါ်တယ် ….
" ဟယ် လို
ကျွန်တော်
နိုဝင်ဘာ ကနေ ခေါ်နေတာပါ .၊၊ "
" ဟယ်လို
ကျွန်တော်
နိုဝင်ဘာကနေ ခေါ်နေတာပါ .. ၊၊ "
" ဟယ်လို
ကျွန်တော် …
နိုဝင်ဘာ ….. "
နှုတ်ခမ်းနီမဆိုးတတ်သေးသော ..
အရောင်ပြောင်းလွယ်သော..
နိုဝင်ဘာဆီမှ …
အခြား အခြား
နှုတ်ခမ်းနီရောင်ကို မမြင်တတ်တော့သော
အရောင်ပြောင်းမပြောင်းမသိလောက်အောင် ကန်းရှသွားသော
နိုဝင်ဘာဆီသို့ ………
ကျွန်တော် ဘာလို့
ပြုတ်
ကျ
လာ …… ခဲ့တယ်ဆိုတာ
တွေးမိတော့ ကျွန်တော် ထပ်ပြီးပြုတ်ကျပြန်တယ်
လွင်ရေ . . . . ကျွန်တော် (ကို) ဘယ်အထိ ……
သယ်ဆောင်သွားခဲ့တာလဲ ပြောပါ
ဒါမှမဟုတ် ဘယ်ကိုရောက်တဲ့အထိ လွင့်…. လွင့်ကျနေရဦးမလဲ ပြောပါ
×××××××××××××××××××××××××
အားလုံးကို ငါမေ့ထားခဲ့တယ်
၁၃ နိုဝင်ဘာ ၁၃ က စလို့
ငါ မေ့ထားခဲ့ပါတယ်။
×××××××××××××××××××××××
ကြက်သွန် ၊ သူရဿဝါ ၊ ငယ် ၊ ရုပ်သေး ၊ ဏေသစ် တို့ ၏ ကဗျာစာသား အချို့နှင့် မိမိ ပြောချင်သော စကားတစ်ချို့ကို Collage လုပ်ထားခြင်းဖြစ်ပါသည် ၊၊
1 comment:
ဘာပြောရမလဲ မသိဘူး။ ဒါပေမဲ့ ခု စရာတော့ မလိုဘူးဆိုတာ..
Post a Comment